၀ါသနာ
ငါးမျှားတာနဲ့ရေကူးရတာဟာငါ့၀ါသနာတွေပဲ ကဆုန်၊နယုန် မိုးဦးလေးဖြိုးဖြိုးဖြောက်ဖြောက်စလာရင်ကိုပျော်နေပြီ ဘာဖြစ်လို့ဆို အထက်ကရေနောက်တွေဆင်းလာတော့မယ်လေ ဒီရေနောက်နောက်တွေနဲ့အတူ မြစ်ရဲ့အသားစား Monster fish တနည်း ကြောင်နှုတ်ခမ်းမွှေးနဲ့ ငါးတွေဟာနေရာပြောင်းရွှေ့ကြရင်းအစာရှာဖွေစားသောက်ကြတော့မယ် ဒီအချိန်ဆိုငါ့ရဲ့ ငါးမျှားကိုင်းလေးကိုဖုန်သုတ်ရတော့မယ် စက်သီးလေးကိုဆီထိုးရတော့မယ် မိုးဦးစစချင်းကျတော့ မြေတွေကလဲမပျော့သေးဆိုတော့ တီတူးရခက်တာလဲပြဿနာတစ်ခုပဲ မိုးဆက်သွားလို့ ရေဦးအလွန် ရောက်ပြီဆိုရင်တော့အဲပြဿနာကကင်းပြီပေါ့ များများတူးရတဲ့နေ့တွေဆိုရင်တော့ တစ်ပတ်စာလောက်ပါရအောင်တူးလာခဲ့တော့တာပဲ(ခေါက်ဆွဲတစ်ပန်းကန်စာလောက်ပေါ့) တစ်နေ့ပြီးတစ်နေ့ မနက်ဖြန်ကျရင် ဘယ်နေရာသွားမျှားရမလဲ ဘာကောင်လာဆွဲမလဲ ဆိုတာတွေးရတာလဲအလုပ်တစ်ခု မနက်တစ်ခေါက်ရေအနေအထားသွားကြည့်လို့ မျှားဖို့ကောင်းတဲ့အနေအထားဆိုရင် မနေနိုင်တော့ဘူးသွားချင်လာရော တစ်နေ့ခင်းလုံး တစ်ညနေလုံးထိုင်နေပြီးကာမှ ငါးဇင်ရိုင်းလေးတစ်ကောင်နဲ့ပြန်ရတဲ့နေ့တွေဆိုလူကဟိုနေရာညောင်းသလိုဒီနေရာညောင်းသလိုနဲ့ပေါ့ အဲဒါပေမယ့် ၂၀သား ၃၀သား ငါးအိုက်/ငါးရွေးတို့ ငါးကျောင်းတို့များ ဝင်ဆွဲတဲ့နေ့တွေဆိုရင်တော့ပြန် ရောက်ရင် လူကလဲပြုံးပျော်လို့ ထမင်းစားသောက်ပြီးရင် ရလာတဲ့ငါးကြော်လေးနဲ့ အရက်တစ်ခွက်နဲ့မြည်းရတဲ့အရသာကတကယ်ကောင်းပဲ ဒါတွေဟာဘယ်ချိန်ထိလဲဆိုတော့ သီတင်းကျွတ်အပြီး မိုးအကုန် ရေလုံးချိန်ရောက်သည်အထိပဲပေါ့
ဒီအချိန်ရေကလဲကြည်တဲ့ဘက်ပါသွားပြီဆိုတော့ငါးမျှားတာနားပြီး ရေသွားကူးတဲ့အလုပ်စပြန်တာပေါ့ အေးပါတယ်ဆိုတဲ့အညာဆောင်းတွင်းမှာ လဲတစ်ရက်မှအပျက်မခံပဲကိုနေ့တိုင်းသွားခဲ့တာ ရန်ကုန်မှာဆိုရင်ပိုက်ဆံပေးပြီးကူးရတာလေ
Comments
Post a Comment