For "Hsu"
ဒီနေ့ Jan 27 2021 ရက်နေ့ ည7နာရီ တွေ့ခဲ့ရတဲ့တစ်ယောက်သောသူရဲ့ Facebook Myday လေးတစ်ခုကနှလုံးသားတစ်ခုလုံး နာကျင်ခံစားခဲ့ရတယ် သူ့ရဲ့ပိုင်ရှင်ကတော့ ဆု(သို့)ကျနော်ချစ်ရတဲ့မိန်းကလေး။
သူကကျနော်မဟုတ်တဲ့ကောင်လေးတစ်ယောက်နဲ့လက်တွဲသွားခဲ့ပြီ။
သူ့ကိုလွန်ခဲ့တဲ့နှစ် 2020 August မှာ fuxing chinese classမှာစတွေ့ခဲ့တယ် သူကဘယ်သူ့ကိုမှအရေးမလုပ်တတ်တဲ့ မာနကြီးတဲ့နတ်သမီးလေးလိုပဲ။
တိုက်တိုက်ဆိုင်ဆိုင် Sundayတစ်နေ့မှာ နှစ်ယောက်လုံးအတန်းချိန်ရှိမှန်းမသိပဲကျောင်းကိုလာခဲ့တယ် သူ့ကို 57YBS ပေါ်မှာတွေ့လိုက်ရတယ် အင်္ကျီအမဲမှာအဖြူကွက်လေးတွေနဲ့ အဲလိုနဲ့ကျောင်းရှေ့မှာစောင့်နေပြီး သူကြိုက်တဲ့ bubble teaလေးဝယ်ပြီးရောက်လာတော့ သူနဲ့တူတူ bus stopကိုလမ်းပြန်လျောက်ရင်း Facebook acc တောင်းခဲ့တယ်
3ရက်လောက်နေတော့သူ့ကိုစကားသွားပြောခဲ့တယ် အဲကစပြီး မနက်တိုင်း Morning ညတိုင်း Good Nightတွေ ပို့ဖြစ်ခဲ့တယ် ဒါတွေလဲသူ့အတွက်တော်တော်စိတ်ရှုပ်စေခဲ့မှာပဲ 4လလောက်ကြာတော့ဖွင့်ပြောဖို့ရည်ရွယ်ပြီးစကားစရင်းကနေ cele တွေ RK တွေမျိုးကိုမှသဘောကျတာလားလို့မေးမိခဲ့တယ် သူကသာမန်ယောက်ျားလေးတစ်ယောက်အပေါ်စိတ်မဝင်စားတဲ့ပုံလေးအဲဒါကြောင့်လဲမေးလိုက်မိတာ စကားပြောမှားသွားခဲ့တယ် သူအဲဒါကိုတော်တော်စိတ်ဆိုးသွားခဲ့တယ် နောက်တော့ဝောာ်တော်ပြန်တောင်းပန်မှ သူစကားလေးအချို့ပြန်ပြောလာခဲ့တယ် အနှောက်အယှက်ဖြစ်မှာစိုးလို့လဲအများကြီးမပြောခဲ့ပါဘူး
နောက်တော့ သူတို့ YuEco သင်္ကြန်နေ့မှာ စကားစပြောရင်းကနေပြန်ပီးကြီုးစားခဲ့တယ်ပေါ့ 2ပတ်လောက်ပဲပြောဖြစ်ပြီးသူလုံးဝပြန်မပြောတော့ဘူး အဲကတည်းကတော့ ဦးနှောက်ကလက်လျော့ဖို့တွေးထားလိုက်ပါပြီ ဒါပေမယ့် စိတ်ကူးထဲမှာအမျိုးမျိုးပုံဖော်ပြီး စိတ်ကူးယဉ်ကမ္ဘာလေးကိုတည်ဆောက်နေတုန်းပဲ အခွင့်အရေးရရင်ပြန်ကြိုးစားဖို့အသင့်ဖြစ်နေတုန်းပဲ 😔
ဒါပေမယ့်လဲဒီနေ့တော့ လုံးဝလက်လျော့လိုက်ရပြီထင်ပါတယ်။
သူ့ကောင်လေးက ကိုယ့်ထက်အစစအရာရာသာပြီး သူ့ကို တကယ်တန်ဖိုးထား ကိုယ့်ထက်လဲပိုချစ်နိုင်ပါစေ။
Comments
Post a Comment